ကန့်ဘလူမြို့ရှိလမ်းများတွင် LED မီးလုံးများ တပ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ လမ်းမများတွင် ညပိုင်းကာလ၌ ယာဉ်အန္တရာယ် ကင်းစင်စေရန်နှင့် မြို့တွင်းလုံခြုံရေး အထောက်အကူရရှိစေရန်၊ မြို့အင်္ဂါရပ် နှင့်အညီ သာယာလှပရေးအတွက် ရည်ရွယ်၍ LED မီးလုံး (ဝပ် ၁၀၀) နှင့် မီးကိုင်း (အုပ်စုံ) ၁၀၀ ကို တပ်ဆင်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲဆန္ဒရှင်စာရင်းစိစစ်အတည်ပြုရေး အစည်းအဝေးပြုလုပ်

ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်အချက်အလက်များ ပြည့်စုံ မှန်ကန်မှုရှိစေရေး မြို့နယ် ကော်မရှင် အဖွဲ့ခွဲအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများအား ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယ‌မန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကြေညာပြီးနောက် လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူ၊ ပြင်ဆင်သူများ၏ မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်းများကို ဩဂုတ်လ ၁၇ ရက် နေ့မှ စတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ၂ဝ၂ဝ ပြည့်နှစ်၊ လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ခရိုင်အဆင့် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂ဝ၂ဝ ပြည့်နှစ်၊ လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ခရိုင်အဆင့် ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ကျင်းပသည်။

ကာလိမြို့ မဲဆန္ဒရှင်စာရင်းများ တစ်စုံတစ်ရာလွဲမှားမှုမရှိစေရေးကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒစာရင်းများ တစ်စုံတစ်ရာလွဲမှားမှု အဖြစ်ပေါ်စေရးအတွက် ကာလိမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများတို့က ယနေ့နံက် (၉)နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပေါ်(၆)ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများထံသို့ တစ်အိမ် တက်တစ်အိမ်ဆင်းစနစ်ဖြင့် မဲဆန္ဒစာရင်းတွင်ပြည့်စုံမှန်ကန်မှုရှိ/မရှိ မြေပြင် တိုက်ဆိုင် ကွင်းဆင်း စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပင်းတယမြို့၌ COVID-19 Relief Package (1) ခရီးသွားလုပ်ငန်း အခြေခံသင်တန်းဖွင့်လှစ်

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ Conquarror Hotel ၌ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် COVID-19 Relief Package(1) ခရီးသွားလုပ်ငန်း အခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

တွံတေးမြို့ လူထုအခြေပြုဗဟို ဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများ၊ စာကြည့်တိုက်အသင်းဝင် များ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာ အောင်သင်းရေးသားသော “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ငါန်းဇွန် အ.ထ.က၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရှင်များအား ဦးခင်မောင်ညို (ဘောဂဗေဒ) မိသားစုမှ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ငါန်းဇွန်စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား ဦးခင်မောင်ညို (ဘောဂဗေဒ) မိသားစုမှ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည်။

ကာလိမြို့တွင် ကလေးလုပ်သားစစ်တမ်းကောက်ယူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ကလေးလုပ်သား စစ်တမ်းကောက်ယူခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်(၆)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to