နမ့်ခမ်း သြဂုတ် ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန့်ပုံကျေးရွာ၌ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၂)နာရီအချိန်က ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ နမ့်ခမ်းမြို့နယ်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်မှ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ပေးအပ်ရ သည့် အကြောင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က မန့်ပုံကျေးရွာ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ပေးအပ်ရသည့် အကြောင်း အရာများကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)များကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ မန့်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတောင်သူများမှ လက်ခံရယူသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ကို လက်ခံရရှိသူများကိုယ်စားတောင်သူ ဦးစိုင်းဘအုန်းမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလတွင် ကျေးရွာမှ စိုက်ပျိုးရေး၊ စီးပွားရေး နှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၌ ကြုံတွေ့ရသည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းနိုင်ရန် အတွက် တောင်သူများတို့နှင့် ဆွေးနွေးသည်။ နမ့်ခမ်းမြို့နယ်၊ မန့်ပုံကျေးရွာတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရ ရှိသည့် တောင်သူ(၅၂)ဦးရှိပြီး လယ်မြေ ဧက(၁၀၀)ကျော် ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)