တီးတိန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များ ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် ကျင်းပ

တီးတိန်  သြဂုတ် ၂၁

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၁၁)ခုအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် တီးတိန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ ဒိုင်အဖွဲ့ခေါင်းဆောင် မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌ ဦးဒမ်ခိုဇမ်းက အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဒေါ်ကျင်းဟွဲလွန်းက တင်ဒါစနစ် စည်းကမ်းများ ရှင်းလင်းတင်ပြသည်။

အဆိုပါ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၁၁)ခုအတွက် ကြမ်းခင်းစျေး စုစုပေါင်း ကျပ် ၂၃၁၉၀၀၀၀ိ/-ရှိပြီး အမြင့်ဆုံးကြေး စုစုပေါင်း ကျပ်-၂၃၅၇၀၀၀၀ိ/-ရရှိကြောင်း သိရသည်။

အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များတွင် တီးတိန်မြို့ပေါ်နှင့် ကျေးရွာများအပါအဝင် သားသတ်လိုင်စင် (၁၀)ခုနှင့် မြို့ဝင်ဘီးကောက်လိုင်စင်များ ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)