မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက် စစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာများတွင် ထုတ်ပြန်ကြေညာထားရှိပြီး မဲဆန္ဒရှင် ပြည်သူများမဲပေးခွင့် မဆုံးရှံးစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများထံသို့သွားရောက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အိမ်တိုင် ရာရောက် တိုက်ဆိုင်စစ်ဆေးလျှက်ရှိသည်။

ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်၊ မူးယစ်ဆေးဝါးအသိပညာပေး ဗီနိုင်းပိုစတာများပြသခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၂၂) တွင် ယနေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ဆေး လိပ်၊ ဆေးရွက်ကြီးအန္တရာယ်၊ မူးယစ်ဆေးဝါး အသိပညာပေး ဗီနိုင်းပိုစတာများပြသခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ခြင်း၊ နေအိမ်ပြိုကျ ပျက်ဆီးဆုံးရှုံးခဲ့ရသည့် မိသားစုများအား ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများပေးအပ်

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်ဆီးထိခိုက် ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် သက်ဆိုက်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။

အင်းတော်မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ် မိုးစပါးစိုက်ဧက ( ၅၅၀ ) စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်း မိုးစပါးမျိုးစေ့ထုတ် မိုးစပါး စိုက်ဧက (၅၅၀) အား ယမန်နေ့က ကွင်းပိတ် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကိုဗစ်-၁၉ အထူးချေးငွေ ထုတ်ပေးမှု ၅၀ ရာနှုန်း ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်းတောင်သူလယ်သမားများ အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အထူးချေးငွေများကို ထုတ်ချေးပေးလျှက်ရှိရာ ယနေ့တွင် မြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ လာရောက်ထုတ်ယူမ ၅၀ ရာနှုန်း ပြီးစီးမှု ရှိကြောင်း သိရသည်။

ကျောင်းကုန်း၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေး

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ လူရည်ချွန်​ကျောင်းသား ​ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်​

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၂၀၂၀ ပြည့်နှစ်၊ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို၊ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာ တန်ဆောင်ခန်းမ၌ ယ​နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ကျုံ​ပျော် မြို့မ​ဈေးတွင် ​​ဈေး​ရောင်းဝယ်သူများ Mask တပ်ဆင်မှု ရှိ ၊မရှိ စစ်​ဆေး

ကိုဗစ် - ၁၉ ​ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်နိုင်​ရေးအတွက် ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့ ၊ မြို့မ​​ဈေးအတွင်းရှိ ဈေး​ရောင်း/ဝယ်ကြသူများတွင် Mask များတပ်ဆင်မှု ရှိ မရှိ ​စစ်​ဆေးခြင်းကို ယနေ့တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

လွိုင်လင်ခရိုင်အတွင်းရှိ ထူးချွန်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနား ကျင်းပ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ထူးချွန်လူရည်ချွန်ကျောင်းသား/သူများအား ယနေ့ နံနက်၉ နာရီ အချိန်က အ.ထ.က-၃၊ အခြေခံပညာ အထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင် တက်ရောက်ကာ အမှာစကား ပြောကြားပေးခဲ့ပြီး ခရိုင် ပညာရေးမှူး ဦးစိုင်းမြင့်ဦးမှ ဂုဏ်ပြုပွဲကျင်းပရခြင်း အ‌ကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့ကာ ဆုရရှိသော လူရည်ချွန် ကျောင်းသား/သူများအား ချီးကျူးဂုဏ်ပြုစကား ပြောကြား‌ပေး ခဲ့သည်။
Subscribe to