တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေစဉ်ကာလအတွင်း ပင်စင်စားဝန်ထမ်းများအား စနစ်တကျထုတ်ပေး

တံတားဦး ဩဂုတ်  ၂၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ပင်စင်စားဝန်ထမ်းများကို ယနေ့နံနက် () နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်

တံတားဦးမြို့နယ်အနေဖြင့် ပင်စင်စားဝန်ထမ်းဦးရေ (၁၃၅၃ဦး ရှိပါကြောင်း၊ ယနေ့တွင် ပင်စင်စားဝန်ထမ်း (၅၀၀ကျော်ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကျန်ရှိသော ပင်စင်စားဝန်ထမ်းများကိုလည်း ရုံးပိတ်ရက်မှအပ ရုံးအချိန်အတွင်းဆက်လက် ထုတ်ပေးမည်ဖြစ်ကြောင်း ပင်စင်စားဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အများသူငါ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင်နေ့စဉ်ထုတ်ပေးလျက်ရှိပြီး လစဉ်လတိုင်း (၂၁ရက်မှ လစာထုတ်ရက်မတိုင်မီ တစ်ရက်နေ့အထိ ထုတ်ပေးလျက်ရှိပါကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးမောင်မောင်ဆွေထံမှ သိရသည်

ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျထုတ်ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်သည့် ပင်စင်စားဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း နှာခေါင်းစည်းများစနစ် တကျ တပ်ဆင်စေရေး အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်

ရဲတင့် (တံတားဦး-ပြန်/ဆက်)