ကာလိ သြဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာ အုပ်စုအတွင်းရှိ မသန်စွမ်းသူများအား တစ်ယောက်လျှင် (၃)သောင်းကျပ်နှုန်းဖြင့် ငွေသားများထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ကျေးရွာအရောက် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ မသန်စွမ်းသူများအတွက် ငွေသားဖြင့် ထောက်ပံ့ပေးခဲ့ရာ ကာလိမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်စုစာရေး ဦးဝေလင်းထွန်းနှင့် ဟိုပန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့် က ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၁၁)ရွာမှ မသန်စွမ်းသူများ (၆၂)ဦးတို့အား တစ်ယောက်လျှင် (၃)သောင်းကျပ်နှုန်းဖြင့် ကျေးရွာအရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော် (ကာလိ၊ပြန်/ဆက်)