ဟိုပုံးမြို့နယ်တွင် COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ ငွေပေးအပ်ပွဲကျင်းပ

 

ဟိုပုံး     ဩဂုတ် ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ  မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီ ခွဲ အချိန် က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌ  ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် က စိုက်ပျိုး ထုတ်လုပ် ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် သွင်းအားစုမျိုးကောင်း မျိုးသန့်များအား တောင်သူများ လိုအပ်သည့် ပမာဏကို လိုအပ်သည့်အချိန်တွင် အလွယ်တကူ ရရှိအသုံးပြုနိုင်စေရန် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူများ အပေါ်ထိခိုက်မှုမရှိစေရေး ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ရာသီဉတု ပြောင်းလဲ လာမှုကြောင့် ကြုံတွေ့ရမည့် မျိုးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အရံမျိုးများစုဆောင်းထားရှိရန်၊ ဈေးကွက် ဝင်သည့် အရည် အသွေးကောင်း စပါးများထုတ်လုပ်ခြင်းဖြင့် တောင်သူများဝင်ငွေတိုးတက်စေရန်၊ မျိုးကောင်း မျိုး သန့်မျိုးစေ့များ အသုံးပြုခြင်းဖြင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက် လာစေရန် ရည်ရွယ်ပြီး COVID-19 စီးပွားရေးကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ မိုးစပါး မျိုးစေ့ ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေ ပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌ ဦးခွန်စံလွင်နှင့် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးသက်ဇင်မောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက ပထမအကြိမ် တစ်ဧက မျိုးစေ့ကျပ် (၈၅၀၀/−)နှင့် စိုက်ပျိုးပြုစုစရိတ် ကျပ်(၇၅၀၀၀/−)အား မြို့မရပ်ကွက်၊ နမ့်ခုတ်ကျေးရွာအုပ်စုနှင့် ပေါင်လင်းကျေးရွာအုပ်စုအတွင်းရှိ  တောင်သူ (၂၁)ဦး (၄၅)ဧက အတွက် ကျပ်သိန်း (,၇၅၇,၅၀၀) အား တောင်သူ တစ်ဦးချင်းစီသို့ အသီးသီး ပေးအပ်ခဲ့ ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)