မင်းကင်း သြဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် စားသုံးသူရေးရာ ဉီးစီးဌာနနှင့် မိတ်ဖက်အဖွဲ့ အစည်း များက စားသုံးသူပြည်သူများအား အကာအကွယ်ပေးရေးအတွက် စားသုံးရန်မသင့်သည့် စားသောက်ကုန် ပစ္စည်း များ ရောင်းချနေမှုများအား ယနေ့နံနက် ၉နာရီအချိန်က စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်စံချိန်စံညွှန်းများ၊ ဥပဒေများနှင့် အညီ ရောင်းချနိုင်ရေးနှင့် အန္တရာယ် ရှိသော ကုန်စ္စည်းရောင်းချမှုများရှိပါက. ကျခံရမည့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတာဝန်ခံ ဦးဝင်းမင်းဦးက ဆွေးနွေးပညာပေးပြီး သိမ်းဆည်းပစ္စည်းများကို စည်ပင်အမှိုက်ပုံးတွင်းသို့ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
လှငွေ(မင်းကင်း)