ဗိုလ်တထောင်မြို့နယ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်းများဆောင်ရွက်

ဗိုလ်တထောင် ဩဂုတ်လ ၂၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အတွက် ပုံစံ()၊ ပုံစံ()၊ ပုံစံ()()စာရင်းများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ အား ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန် တွင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၌ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာန ဆိုင်ရာများ မြို့နယ် ကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေး များဖြင့် မဲစာရင်းများအား ပြည့်စုံမှန်ကန်စေရန် စာရင်းသွင်း ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)