ကျိုက်ထို ဩဂုတ် ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အရပ်ဘက်လူမှုအဖွဲ့အစည်ရုံး(Civil Society Organization) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်မှုဖြင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးတင်ထွေး က သဘာဝဘေး အန္တရာယ် ဆိုင်ရာများ ဖြစ်သော ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေ ရှားဘေး၊ မိုးကြိုးဘေး စသည့် သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ် တတ်သည့် မီးဘေးတို့နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်တို့ကိုလည်းကောင်း သဘာဝဘေး ဖြစ်စဉ်များနှင့် ပတ်သတ်၍ မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းစဉ်များ၌ မီးသတ်တပ်ဖွဲ့ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် စုဖွဲ့ပြင်ဆင်ထားရှိမှုတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းအကြံပေး ဦးဝမ်ကြည်က ဒေသတွင်း သဘာဝဘေး ဖြစ်ပွားလာပါက အရပ်ဖက်လူမှုအဖွဲ့အစည်းအနေဖြင့် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားကုန်(၁၀)မျိုး ထောက်ပံ့ လှူဒါန်းခဲ့ သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင် တပ်ဖွဲ့ဝင်များ၊ မြို့နယ် အရပ်ဘက် လူမှုအဖွဲ့အစည်း အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
ဝင်းမောင်(ကျိုက်ထို)