ဘုတလင်မြို့တွင် နိုင်ငံတော်ဗဟိုအဆင့် လူရည်ချွန်ဆုရ ကျောင်းသားအား ဂုဏ်ပြု ကြိုဆို

ဘုတလင်   ဩဂုတ်  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ပညာ သင်နှစ်၊ နိုင်ငံတော် ဗဟိုအဆင့် လူရည်ချွန်ဆုရ ဒဿမတန်းကျောင်းသား မောင်မင်းစည်သူခန့်အား  ဂုဏ်ပြု ကြိုဆိုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

နိုင်ငံတော်ဗဟိုအဆင့် လူရည်ချွန်ဆုရ ကျောင်းသား မောင်မင်းစည်သူခန့်အား အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဂုဏ်ပြုပန်းစီးများဖြင့် ကြိုဆိုကြပြီး မြို့နယ် ပညာရေးမှူး ဒေါ်ခင်သူဇာ၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်ထွန်း၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့်မိဘ၊ ဆရာအသင်းမှ တာဝန်ရှိသူများက ဆုတံဆိပ်နှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)