ရန်ကုန် ဩဂုတ် ၂၁
ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်များ၏ဘဝကို မြှင့်တင်ပေးနိုင်ရန်နှင့် ကျန်းမာ ရေး စောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်၊ အထွေထွေ အုပ်ချုပ် ရေးမှူး ရုံးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ကျင်းပ ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ဦးစိုးလင်းထိုက် မှ ယနေ့ကလေး သူငယ်များသည် အနာဂတ်တိုင်းပြည်၏အညွန့် အဖူးများ ဖြစ်သကဲ့သို့ နိုင်ငံတော်၏ တာဝန်ကိုလည်း ပခုံးပြောင်း တာဝန် ထမ်းဆောင်မည့်သူများ ဖြစ်နေကြ၍ ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးရန်၊ ကလေးသူငယ်များ၏ ဘဝကို မြှင့်တင်ပေးရန် အားလုံးတွင်တာဝန်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ အရှေ့ပိုင်းခရိုင်လူမှုဝန်ထမ်း ဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝါထွန်းမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေး ကျင်းပရ ခြင်း အကြောင်းအရာများ၊ ကလေးသူငယ်ကာကွယ်ရေးဥပဒေဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အရှေ့ပိုင်းခရိုင် လူမှု ဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူးဒေါ်နီနီမြင့်မှလည်း သာကေတမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သောကလေး သူငယ်များ၏ အခွင့်အရေးကိုကာကွယ်ပေးခြင်း၊ ကလေးသူငယ်များ၏ ဘဝကိုမြှင့်တင်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်း စသည့်ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော မြို့နယ်ကော်မတီဝင်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်း ခဲ့ကြကြောင်းသိရသည်။
ကိုဘုန်း(ပြန်/ဆက်)