မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၂ ပေ) ခန့်လိုတော့သည်ဖြစ်၍ လိုက်လံနှိုးဆော်

မင်းကင်း   သြဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သဖြင့်  ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကမ်းနံဘေးရှိကျေးရွာများသို့ သတိပေးချက်နှိုးဆော်ခြင်းပြုလုပ်ခဲ့ကြောင်း သိရ သည်။

ထိုသို့နှိုးဆော်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဉီးစီးမှူး  ဉီးအေးဟန်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးသုတစိုးနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများက မြစ်ကမ်းနံဘေး ရှိကျေးရွာများ၊ မြေနိမ့်ပိုင်းတွင် နေထိုင်သူများအား  ရေဘေး အန္တရာယ် ကြုံတွေ့နိုင်သဖြင့် အချိန်မီ ကြိုတင်ပြင်ဆင်ကြရန်နှင့် လိုအပ်ပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များထံ အကူအညီတောင်းခံကြရန်  နှိုးဆော်သတိပေးခဲ့သည်။

ချင်းတွင်းမြစ်ရေသည်  မင်းကင်းမြို့၏ စိုးရိမ်ရေအမှတ် (၁၃၅၀) cm ဖြစ်ပြီး ယနေ့ (၁၂) နာရီခွဲအချိန်တွင် (၁၃၅၁) စင်တီမီတာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

လှငွေ(မင်းကင်း)