မော်လိုက် သြဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၀ ပြည့်နှစ် လူရည်ချွန် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မော်လိုက်အခြေခံပညာအထက်တန်းကျောင်းရှိ စုံညီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားအား အထကကျောင်းသား/သူများက “ပြည်မြန်မာ”သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မော်လိုက်ခရိုင်ပညာရေးမှူး ဒေါ်သီသီညွှန့်က မော်လိုက်ခရိုင် လူရည်ချွန် ကျောင်းသား/သူများအား ဂုဏ်ပြု ချီးမြှင့်ပွဲကျင်းပပြုလုပ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြော ကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် မော်လိုက်ခရိုင် လူရည်ချွန်ကျောင်းသား/သူ(၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များနှင့် ငွေသားဆု များ အား ချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါ လူရည်ချွန်ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး