ဒေါ့ဖုန်းယန် သြဂုတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထပ်မံထောက်ပံ့ ပေးအပ်သည့်ငွေများကို ယနေ့ မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော် တစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို နိုင်ငံတော် အစိုးရအနေဖြင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ဒေါ့ဖုန်းယန်မြို့နယ်အတွင်း အမှန်တကယ် ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ရာ ယခုအခါ ဒုတိယအကြိမ်အဖြစ် ထပ်မံပေးအပ် ခြင်းဖြစ် ဖြစ်ကြောင်း ယခုဆက်လက် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါသည် ယခင်ဖြစ်ပွားသည့် အခြေအနေထက် ပိုဆိုးသဖြင့် ပြည်သူအားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဒေါ့ဖုန်းယန်မြို့ အတွင်းရှိ ဖာကေ၊ သိန်လုံ၊ နားလုံ၊ တိန်းဘုရား၊ မံပိန်၊ မံမော်၊ မံသဲ၊ အူထန်ယန် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)ရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ပထမအကြိမ် ပေးအပ်ခဲ့သည့် အိမ်ထောင်စုပေါင်း (၂၀၀၂) အိမ်ထောင်စု အတွက် စုစုပေါင်း ငွေကျပ်သိန်း(၄၀၀၄၀၀၀၀ )ကို ဒုတိယအကြိမ်အဖြစ် မိဘပြည်သူများ လက်ဝယ်သို့ အရောက်ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြသက်(ပြန်/ဆက်)