ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၁၅)ဦးအား သက်ဆိုင်ရာ ဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ် ၂၂

ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ  ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများကို  ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့၏  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက် ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၀ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၅)ဦးနှင့် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန် က(၁၀)ဦးစုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၅)ဦးတို့အား ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အဆိုပါ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်နေရပ်ပြန်ပြည်သူ(၁၅)ဦးတွင် အမျိုးသား(၇)ဦး ၊ အမျိုးသမီး(၈)ဦးတို့ဖြစ်ပြီး မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်မှ(၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ(၂)ဦး၊ သဲကုန်းမြို့နယ်မှ(၂)ဦး ၊ မကွေးတိုင်းဒေသကြီး၊ အောင်လံ မြို့နယ်မှ(၅)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုးမြို့နယ်မှ(၃)ဦးနှင့် ကုန်ကြမ်းမြို့နယ်မှ(၂)ဦး တို့ဖြစ်ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ လွှဲပြောင်း ပို့ဆောင် ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူများမှာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၁၂၈)ဦး နှင့် အမျိုး သမီး(၆၅၀၇)ဦး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၄၆၃၅)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)