ညောင်ရွှေမြို့တွင်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဒေသအတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် လုပ်ငန်းများအတွက် သက်သာသောအတိုးနှုန်းထားများဖြင့် ချေးငွေများထုတ်ချေးပေးမည်

ညောင်ရွှေ ဩဂုတ်  ၂၂

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ လူထုလူတန်းစား   အသီးသီး ထိခိုက်နစ်နာမှုများ ကြုံတွေ့ခံစားနေ ရခြင်း ကို နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ တစ်ဖက် တစ်လမ်းမှ ကူညီသည့် အနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် နေသူများ အား သက်သာသော အတိုးနှုန်းထားများဖြင့် ချေးငွေများထုတ်ချေးပေးသွား မည် ဖြစ်ကြောင်း (Pact Global Microfinance Fund) ပက်အပြည် ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေအဖွဲ့ ညောင်ရွှေရုံးခွဲ မှ သိရှိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် သတ်မှတ်စည်းကမ်းချက် များနှင့်ကိုက်ညီပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ်သိန်း (၁၅၀)နှင့်အောက်ရှိသော လက်ဘက်ရည် ဆိုင်၊ စားသောက်ဆိုင်များအနက် ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်း(၅၀)နှင့် အောက်ရှိသောဆိုင်များကို (၃၅)သိန်း၊ ရင်းနှီးမြှုပ်နှံမှု သိန်း(၅၀)မှ (၁၀၀)ရှိသော ဆိုင်များကို (၇၀)သိန်း၊ ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်း(၁၀၀)မှ (၁၅၀)ရှိသော ဆိုင်များကို (၁၀၀)သိန်းအား တစ်နှစ်တာ ကာလ ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်းနှင့် အတိုးနှုန်းအနေဖြင့် ဝန်ဆောင်စရိတ်အဖြစ် တစ်နှစ်ပတ်လုံးအတွက် (.)ရာခိုင်နှုန်းနှင့် လူမှု ထောက်ပံ့ရေးအစီအစဉ် ထည့်ဝင်ခြင်းအတွက်(.)ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရှိရသည်။

စိုင်းအယ်ဘဲ