စလင်း ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းရရှိနိုင်ရေး မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးရှိ ပတ္တမြားခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကာလတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ရန်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအား မဲစာရင်းဆိုင်ရာ လုပ်ငန်း များ အား စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ရန် ပြောကြားခဲ့ သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဗိုလ်ရဲမှ ရွေးကောက်ပွဲကျင်းပရက် နီးကပ်လာ သည်နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လမ်းညွှန်ချက်များ နှင့်အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာ စဉ်ကာလအတွင်း တွေ့ရှိရသည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦး စီးအရာရှိ ဒေါ်ဥမ္မာမြင့်က မဲစာရင်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ ကြောင်း သိရသည်။
မောင်လွင်(ပြန်/ဆက်)