ဝိုင်းမော် ဩဂုတ် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရွေးကောက်ပဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဩဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်း မှ စတင်၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ပေးပို့လာသည့် ပထမအကြိမ်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများ ပုံစံ(၃)၊ (၄)၊ (၄-ဂ)ဖြင့် လျောက်ထားလာမှုများအား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ပျက်ခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)များဖြင့် တောင်းဆိုမှုများအား မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ မဲဆန္ဒစာရင်းများ ထည့်သွင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းများဆောင်ရွက် လျက်ရှိသည်။
ဝိုင်းမော်မြို့နယ်အတွင်း ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို ဇူလိုင်(၂၅)ရက်မှဩဂုတ်(၁၄)ရက်ထိ ကပ်ထားကြေညာခဲ့ပြီး တစ်မြို့နယ်လုံးဆန္ဒမဲပေးပိုင်ခွင့် မဲဆန္ဒရှင်ကျား (၃၉၉၆၄)ဦး၊ မ(၄၂၈၇၃)ဦး၊ စုစုပေါင်း (၈၂၈၃၇) ဦးရှိရာ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၁၆၁၉)ဦး၊ ပုံစံ(၄)ဖြင့်ကန့်ကွက်သူ (၈၁၁)ဦး၊ ပုံစံ(၄-ဂ)ဖြင့်ပြင်ဆင်သူ (၉၀၅)ဦးရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ (၄)၊ (၄-ဂ)ဖြင့် လျောက်ထားလာမှုများ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်း များကို ဩဂုတ်လ (၂၃) ရက်နေ့တွင် ၁၀၀%နှုန်းပြီးမြောက်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးကြည်ထွန်းမှ သိရှိရသည်။
ခိုင်သက်မွန် (ပြန်/ဆက်)