စလင်းမြို့နယ် သမန်းကျေးရွာ၌ One State One Township Project အရ နိုင်ငံသား စိစစ်ရေး ကတ်ပြားများတွင် ကွင်းဆင်းစစ်ဆေးပေး

စလင်း ဩဂုတ်၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သမန်းကျင်းကျေးရွာအုပ်စု၊ သမန်းကျင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)၌ ယမန်နေ့ နံနက် ၉နာရီအချိန်က One State One Township Project အရနိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းစစ်ဆေးပေး ခဲ့ကြောင်း သိရှိရသည်။

ကျေးရွာပြည်သူများအနေဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံးသို့လာရောက်ရန် မလိုအပ်ဘဲ အလုပ်အကိုင်မပျက် ခြင်း၊ အသွားအလာခက်ခဲခြင်းတွေ သက်သာစေမှာဖြစ်ပါတယ်။ အသက် (၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ် ကိုင်ဆောင်ခြင်း မရှိသူများနှင့် သက်ကြီးရွယ်အိုများကိုဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်းနှင့် (၁၈)နှစ်ပြည့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရခြင်းသည် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်ပြီး မဲပေးနိုင်ရန် ဖြစ်ပါတယ်၊ ထို့အပြင်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်ရန် မဆောင်ရွက် ရသေးသူများကိုလည်း တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် လ.ဝ.က ရုံးမှ  ဦးစီးအရာရှိ ဦးတင်အေး၏ ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် စလင်းမြို့နယ် သမန်းကျင်းကျေးရွာရှိ အသက်(၁၀)နှစ် ပြည့်နှင့် အသက်(၁၈) နှစ်ပြည့်သူများ(၁၀၀)ဦးကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(ပြန်/ဆက်)