နမ္မတူမြို့နယ်တွင် ကလေးလုပ်သားပပျောက်စေရေးအတွက် စစ်တမ်းကောက်ယူ

နမ္မတူ  ဩဂုတ် ၂၂

နမ္မတူတွင် ကလေးလုပ်သား ပပျောက်ရေးနှင့် ကလေးလုပ်သားများ အခွင့်အရေးရရှိစေရန် ရည်ရွယ်၍ ကလေးလုပ်သား စာရင်းကောက်ယူခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် ရပ်ကွက် (၁၀)၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးမျိုးမင်းဇော်၊ ပန်ဟိုက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပန်ဟိုက် (၁၀)ရပ်ကွက်အတွင်းရှိ လက်ဖက်ခြောက်လုပ်ငန်း၊ ခေါက်ဆွဲလုပ်ငန်းနှင့် သ.တ.လ (၂)ရပ်ကွက်ရှိ စားသောက် ဆိုင်သို့ သွားရောက်ကာ ကလေးမေးခွန်း လွှာ ပုံစံဖြင့် ကလေးလုပ်သား စစ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)