ကန်ကြီးထောင့်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရိပ်ရ သစ်ပင်များစိုက်ပျိုး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ် ၁ ရပ်ကွက်ရှိ သုဿာန်အဝင် လမ်းဘေးဝဲယာများ၌ အရိပ်ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။