ဘောလခဲ သြဂုတ် ၃၁
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင်း မိုက်စလောင်းတောင် စခန်းအနီး ဘောလခဲဘက်အဆင်း အကွေ့တွင် ယမန်နေ့ ညနေပိုင်း (၄)နာရီက ဟွန်တာဖစ် ခဲရောင်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲ ထိုးကျခြင်း ဖြစ်ပွားခဲ့သည်။
ဟွန်တာဖစ်ကားပေါ်ပါရှိသည့် ခရီးသည်(၃)ဦး (ပွန်းပဲ့ဒဏ်ရာ-မစိုးရိမ်ရ) လူနာများအား ထာဝရတွဲလက်များ ပရဟိတ အဖွဲ့ကားဖြင့် ဘောလခဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားခဲ့ကြောင်း သိရသည်။
အဆိုပါကားမှာ လွိုင်ကော်ဘက်မှ ဘောလခဲ မိုင်းထမ်းကျေးရွာဘက်သို့ နှမ်းခုတ်ရန် မောင်းနှင်လာစဉ်ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ကိုဝေလှိုင်မိုး အသက် ၃၅ နှစ် (ဟိုပန်ရွာနေသူ) မှာ ဘယ်ဘက်မျက်ခုံးအပေါ် ၃ လက်မခန့် ကွဲ အခြားပွန်းပဲ့ဒဏ်ရာ၊ မိုးဇက် အသက် ၂၄ နှစ် (ဟိုပန်ကျေးရွှာ လင်းလတောင် အုပ်စုနေထိုင်သူ) မှာ ဘယ်ခြေတလုံးအပေါ်ဘက် ၄ လက်မကွဲ မျက်နှာပွန်းပဲ့ဒဏ်ရာ နှင့် ကိုကျော်ဝင်းဇင် အသက် ၁၈ နှစ် (ဟိုပန်ကျွေးရွာနေသူ) မှာ ဘယ်ဘက်ရင်ဘတ်အောင့် အခြားပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိထား ကြောင်း ကနဦးသတင်းရရှိသည်။
လှရွှေ