အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

အုတ်တွင်း သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Mask များ တပ်ဆင်ခြင်းရှိ/မရှိကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ယမန်နေ့ ညနေ(၃) နာရီအချိန်က ရှောင်တခင် စစ်ဆေးခဲ့သည်။

ထိုသို့ ရှောင်တခင်စစ်ဆေးရာတွင် အုတ်တွင်း-ပြည်-ပေါက်ခေါင်းသွားလမ်း မြို့အဝင်အထွက်ဂိတ်နှင့် အုတ်တွင်း-ပြည်-ပေါက်ခေါင်း သွားလမ်းဆုံ အဝိုင်းအနီးအနားတွင် နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်(စ်) ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာ ရန် စည်းကမ်းချက်များကို အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးခြင်းနှင့် နှာခေါင်းစည်း Mask မတပ်ဆင် သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

ခင်မာ(ပြန်/ဆက်)