ဝါးခယ်မ၌ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် ကျေးရွာများအရောက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရွှေလောင်းကျေးရွာအုပ်စု အ.ထ.က(ရွှေလောင်း)ကျောင်း၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ချောက်မြို့နယ် ဥတ္တရလူငယ်အဖွဲ့နှင့် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ချောက်)တို့ ပူးပေါင်းပြီး နှာခေါင်းစည်း(Mask)(အခမဲ့)ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ဥတ္တရလူငယ်အဖွဲ့နှင့် ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ချောက်)တို့ ပူးပေါင်းပြီး နှာခေါင်းစည်း(Mask)(အခမဲ့)ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ချောက်ဖက်ဈေး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်မြို့နယ်ဆင်စုရပ်ကွက် မိကျောင်းရဲဓမ္မာရုံ၌ ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဆင်စုရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၁၇စုအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းစီကို တာဝန်ရှိသူများက ဆင်စုရပ်ကွက်ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းကစတင်၍ အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် စနစ်တကျ ပေးအပ်ခဲ့ကြောင်း သိရသည်။

မေတ္တာမြို့ ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ရည်ရွယ်၍ မေတ္တာမြို့ တိုက်နယ်ဆေးရုံတွင် ယမန်နေ့ နံနက်၇နာရီခွဲက စတင်ကာ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြာင်းသိရသည်။

ကျောက်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသစျေးအတွင်းနှင့် လမ်းဆုံလမ်းဂွများ၌ နနက်(၉)နာရီအချိန်က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

လှိုင်မြို့နယ်တွင် မဲဆန္ဒရှင် ပြည်သူ များအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသူများအားကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေး

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပ ပြုလုပ်မည့်အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူ များအား အဆင်ပြေစွာ မဲပေးနိုင် ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများအား အမှတ် (၁၄) ရပ်ကွက်အမှတ်(၁)စစ်​ကြော​ရေးနှင့်တည်းခို​ရေးစခန်းတွင် ယမန်နေ့၊ နံနက်ပိုင်းကနိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၇နာရီခွဲက ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေါင်းတည်မြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်အသိပညာပေး စာစောင်ဝေငှခြင်းနှင့် Mask Campaignပြုလုပ်၍ အခမဲ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပေါင်းတည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ပူးပေါင်းအဖွဲ့များနှင့်အတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး စာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်၍ အခမဲ့တပ်ဆင်ပေးခြင်းကို ယမန်နေ့နံနက် စတင်၍ မြို့မစျေးကြီး၊ ရွှေတည်စျေးသစ်အတွင်းနှင့် စျေးပတ်ဝန်းကျင်လမ်းများ အနှေးယာဉ်သုံးဘီးယာဉ်ဂိတ်များသို့ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထားဝယ်မြို့တွင် ကမ်းနီး/ကမ်းဝေးငါးလုပ်ငန်းရေပြင်နှင့် သတ်မှတ်မျဉ်းပြရေပုံ၊ ငါးဖမ်းငါးသယ်ရေယာဉ်ပိုင်ရှင်များ နှင့်ရေယာဉ်မှူးများလိုက်နာရမည့်စည်းကမ်းချက်များအား သိရှိနိုင်ရေးချပြရှင်းလင်းခြင်းအခမ်းအနားကျင်းပ

ထားဝယ် သြဂုတ် ၃၁

ကမ်းနီး/ကမ်းဝေးငါးလုပ်ငန်းရေပြင်နှင့် သတ်မှတ်မျဉ်းပြရေပုံ၊ ငါးဖမ်းငါးသယ်ရေယာဉ်ပိုင်ရှင်များ နှင့် ရေယာဉ်မှူးများလိုက်နာရမည့် စည်းကမ်းချက်များအား သိရှိနိုင်ရေးချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံး၌ကျင်းပသည်။

ကလေးမြို့နယ်တွင် အမျိုးသားစေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ Quarantine Centre များ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော စေတနာ့ဝန်ထမ်း (Volunteer) များအား အမျိုးသား စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to