အုတ်တွင်းမြို့နယ်၌ ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

အုတ်တွင်း သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ အရှေ့ ရေဖြူကင်း ကျေးရွာတွင် ကိုဗစ်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရ မှ ထောက်ပံ့သည့်ငွေများကို ယမန်နေ့ နံနက်ပိုင်း အရှေ့ရေဖြူကင်းကျေးရွာရှိ အိမ်ထောင်စု(၉၅)စုအတွက် အိမ်တိုင် ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး များက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စု(၉၅)စုအတွက် ငွေကျပ် (၁၉၀၀၀၀၀)၊ တစ်ဆယ့် ကိုးသိန်းတိတိအား အိမ်တိုင်ရာရောက် ဒုတိယအကြိမ်အဖြစ် ပေးအပ်ခဲ့ ကြောင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးလှမြင့်ထံမှ သိရှိရသည်။

ခင်မာ(ပြန်/ဆက်)