ရေတာရှည် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်သိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန် ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒေသဖွံ့ဖြိုးရေးထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နန်ချွန် - ဖျံချောင်း -ဖားပေါင်တင် ကျေးရွာ ချင်းဆက် ကျောက်ရော မြေခင်းခြင်း လုပ်ငန်းအတွက် ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ် ၂၄ သန်း၊ ဂွေးရိုးချောင်းဟောင်း ဖောက်လုပ်ရာတွင် ပါဝင်သည့် တောင်သူများအား မြေယာ/သီးနှံလျော်ကြေးငွေ ကျပ် ၂၇၃၇၅၀၀ သိန်း၊ ခင်တန်းကြီးကျေးရွာ အမက(မူလွန်) ကျောင်း ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းအတွက် ရန်ပုံငွေ ကျပ် ၄၅ သိန်း ကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆု (ပြန်/ဆက်)