အုတ်တွင်းမြို့နယ်၌ ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ အရှေ့ ရေဖြူကင်း ကျေးရွာတွင် ကိုဗစ်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရ မှ ထောက်ပံ့သည့်ငွေများကို ယမန်နေ့ နံနက်ပိုင်း အရှေ့ရေဖြူကင်းကျေးရွာရှိ အိမ်ထောင်စု(၉၅)စုအတွက် အိမ်တိုင် ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။