ပေါင်းတည် သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေး စာစောင်ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်၍ အခမဲ့တပ်ဆင်ပေးခြင်းကို ယနေ့နံနက် ၇ နာရီစတင်၍ မြို့မစျေးကြီး၊ ရွှေတည်စျေးသစ်အတွင်းနှင့် စျေးပတ်ဝန်းကျင် လမ်းများအနှေးယာဉ်နှင့် သုံးဘီးယာဉ်ဂိတ်များသို့ သွားရောက် ဆောင်ရွက်ခဲ့ ကြ ကြောင်း သိရသည်။
အဆိုပါ Mask Campaign ဦးဆောင်သူ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးကြည်ထွန်းက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်ရေး မြို့နယ် အတွင်းရောဂါ ကူးစက်မှုမရှိစေရေး ဒေသခံပြည်သူများအနေဖြင့် ကျန်းမာဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို သိရှိလိုက်နာနိင် စေရေး လက်ကို မကြာခဏစနစ်တကျ ဆေးကြော ကြရေးနှင့် အပြင်ထွက်တိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ကြရေး လူစုလူဝေးများ ရှိရာနေရာ များသို့ သွားလာနေထိုင်ခြင်းများမပြုလုပ်မစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပူးပေါင်း အဖွဲ့များ အဖြစ် မြို့နယ် ရဲတပ်ဖွဲ့မြို့နယ် ပြန်/ဆက်ဦးစီးဌာန မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းများနှင့် စျေးတာဝန်ခံများ ပါဝင်ဆောင်ရွက်ခဲ့ပြီး အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ကြေညာပေးခြင်း အသိပညာပေး လက်ကမ်း စာစောင်(၅၀၀)နှင့် Mask နှာခေါင်းစည်း(၁၅၀)ခုကို စျေးများနှင့် စျေးပတ်ဝန်းကျင် လမ်းများနှင့် စျေးသို့ လာရောက်ရောင်းချသူ ဝယ်ယူသူများထဲမှ နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း မရှိသူများအား ပညာပေး ဆောင်ရွက် ကာ အခမဲ့တပ်ဆင်ပေးခဲ့ပြီး အဆိုပါ အသိပညာပေး ဆောင်ရွက်ခြင်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်