မရမ်းကုန်းမြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာလျက်ရှိ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။