အင်းစိန်မြို့နယ်၌ ရေမြောင်းအတွင်း အမှိုက်သရိုက်များဆယ်ယူခြင်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်း မွန်စေရန် ရည်ရွယ်၍ ရေမြောင်းအတွင်း အမှိုက်များ ဆယ်ယူခြင်းနှင့် မြောင်းချေးများ ဆယ်ယူခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။