ကျိုက်ဒုံ ဩဂုတ် ၃၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကာကွယ်နိုင်စေရေးအတွက် ကျိုက်ဒုံမြို့အဝင် ဂိတ်နေရာများ၌ (MaskCompaign) ကျန်းမာရေးအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများကမြို့အတွင်းသို့ ဝင်ရောက်လာသည့်ပြည်သူများကို (Mask)များကို ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးများဖြင့် လက်ဆေးပေးခြင်း၊ မဖြစ်မနေအပြင်ထွက်ပါက(Mask)များ တပ်ဆင်ကြရန်၊လူစုလူဝေးမပြုလုပ်ကြရန စသည့်ကျန်းမာရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်