မန္တလေး ဩဂုတ် ၃၁
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် အောင်မြေသာစံမြို့နယ်မှ ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် လွှတ်တော်အသီးသီးကလွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာထားကြောင်းသိရသည်။
အဆိုပါ ကြေညာထားချက်အရ အောင်မြေသာစံမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ(၉)ခုမှ လွှတ်တော်ကိုယ်စား လှယ်လောင်း (၉)ဦးနှင့် တစ်သီးပုဂ္ဂလ(၁)ဦး၊ စုစုပေါင်း(၁၀)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှပါဝင်ယှဉ်ပြိုင်ကြမည့်ပါတီ(၅)ခုမှလွှတ်တော်ကိုယ်စား လှယ်လောင်း (၅)ဦး၊ တစ်သီးပုဂ္ဂလ(၁)ဦး၊စုစုပေါင်း(၆)ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ(၇)ခုမှ လွှတ်တော်ကိုယ်စား လှယ်လောင်း (၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှပါဝင် ယှဉ်ပြိုင်ကြမည့်ပါတီ(၈)ခုမှလွှတ်တော် ကိုယ်စားလှယ် လောင်း(၈)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (ရှမ်းတိုင်းရင်းသားလူမျိုး)မှ ပါဝင်ယှဉ်ပြိုင်ကြမည့် ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်း (၅)ဦး တို့က၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် အောင်မြေသာစံမြို့နယ်မှ ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)