မြိတ်မြို့သို့ Stay at Home အကျုံးဝင်မြို့နယ်များမှ လာရောက်သည့် ခရီးသွားများ မိမိအစီအစဉ်ဖြင့် Quarantine (၁၄) ရက်ဝင်ရမည်ဖြစ်ပြီး ဓာတ်ခွဲနမူနာ (၂) ကြိမ် စစ်ဆေးမည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်မြို့သို့ Stay at Home အကျုံးဝင်မြို့နယ်များမှ လေယာဉ်ခရီးစဉ်နှင့် မော်တော်ယာဉ်များဖြင့် လာရောက်သည့် ခရီးသွားများ မိမိအစီအစဉ်ဖြင့် Quarantine (၁၄) ရက် ဝင်ရမည်ဖြစ်ပြီး ဓာတ်ခွဲနမူနာ (၂) ကြိမ် ရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။