ချောက် စက်တင်ဘာ ၃
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၁၄ ရက် နေ့အထိ ရပ်ကွက် / ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာ အသီးသီး၌ ကပ်ထား ကြေညာခဲ့ပြီးဖြစ်ရာပုံစံ(၃)ဖြင့်တောင်းဆိုသူ(၅၀၈)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၃၀၄)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းသူ(၉၆၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ လျှောက်ထားလာသည့် မဲဆန္ဒရှင်စာရင်း ပုံစံ (၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့အား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်း၍ ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းလုပ်ငန်းများနှင့် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် မပါရှိ သူများအား ဖြည့်တင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ အထိ မဲဆန္ဒရှင်စာရင်းမှာ (၁၆၂၂၆၆)ဦးရှိကြောင်း၊ ဒုတိယအကြိမ်မဲစာရင်းကြေညာချိန်တွင် ပြည့်စုံမှန်ကန်စေရေး အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မြေပြင်ရှိမဲစာရင်းများနှင့် တိုက်ဆိုင် စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ကြောင်း ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မချို(ပြန်/ဆက်)