နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲ များကို ကုစားပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘုရားပျိုကျေးရွာအုပ်စု၊ ကျွဲကွင်း ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း မြေသားသောက်သုံးရေကန် ပြုပြင်ခြင်းနှင့် ရေကန် ပတ်လည် ခြံစည်းရိုးကာရံခြင်း၊ ရေနှုတ်မြောင်းဂုံးတည်ဆောက်ခြင်း၊ လူသွားလမ်း မြေနီခင်းခြင်းလုပ်ငန်းများ ကို ယမန်နေ့ မွန်းလွဲက ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် Cash For Work စီမံကိန်း တာဝန်ခံ ဝန်ထမ်းများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။