COVID – 19 စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်လုပ်ငန်း Rs to Cs ၏ (၁၅)ဧက စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအကြိမ် မျိုးစေ့နှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်

ခိုလမ်    စက်တင်ဘာ  ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ ဟိုက်လိုက်ကျေးရွာအုပ်စု၊ (၂၈) မိုင် ကျေးရွာတွင် ယနေ့ နံနက် (၉) နာရီ အချိန်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါး   Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးသည့် တောင်သူများအား ဒုတိယ အကြိမ်မျိုးစေ့နှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို ကျင်းပခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ခိုလမ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးလေးဝင်းမှ အမှာစကား ပြောကြားပြီး CERP အစီအစဉ်ဖြင့် Rs to Cs မျိုးစေ့ထုတ်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည် ။ ဆက်လက်၍ လက်ထောက်ဦးစီး ဒေါ်အေးမို့ခိုင်မှလည်း မျိုးကွဲနုတ်ပယ်ခြင်းနှင့် ပတ်သက်၍ တောင်သူများ စနစ်တကျ စစ်ဆေး နိုင်စေရန်  အသိပညာပေး ဆွေးနွေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများမှ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုး နှင့် စိုက်ပျိုးစရိတ်အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခင်လေးဝင်း(ပြန် / ဆက်)