ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၁၀၆)ရပ်ကွက် မာဃလမ်းခင်းရန် ပြင်ဆင်​နေမှုနှင့် မိုးတွင်းကာလတွင် ဖြစ်ပေါ် တက်သော လျှပ်စစ်အန္တာရာယ်များမှ ကာကွယ်နိုင် ရန် လျှပ်စစ်မီးကြိုးများ ရှုပ်​ထွေး​နေမှုတို့ကို မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကွင်းဆင်း ကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် မသန်စွမ်းသူ(၄၅၇)ဦးအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ် နှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ခရီးသွားပြည်သူများအား စစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်ပေါင်း စုံမှ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၃၀ ရက်နေ့မှစ၍ မီးရထားဖြင့် စီးနင်း လိုက်ပါလာကြသော ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စု၊ နားခိုလျံကျေးရွာရှိ ပဲပုတ်မျိုးစေ့ထုတ်၊ ပဲပုတ်စံပြကွက် (၁၀) ဧက စိုက်ပျိုးသည့်တောင်သူများအား ကွန်ပေါင်းဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာ အုပ်စု၊ နားခိုလျံကျေးရွာရှိ ပဲပုတ်မျိုးစေ့ထုတ်၊ ပဲပုတ်စံပြကွက် (၁၀)ဧက စိုက်ပျိုးသည့် တောင်သူများအား ကွန်ပေါင်း ဓါတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ရေဖြူမြို့နယ်အတွင်း ကျေးရွာများရှိ စာသင်ကျောင်းများတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ထောက်ပံ့ပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက ထောက်ပံ့ပေးသည့်ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းက ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မင်းသားကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အပလီကေးရှင်းဖြင့် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ရရှိရန်ဆောင်ရွက်ပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် တံတားမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ ပေးနိုင်ရန်အတွက် ငွေဗိုက်(Application)ပြုလုပ်နည်း၊ စာရင်းရေးသွင်း နည်းနှင့် လုပ်ငန်းစဉ်များ ရှင်း လင်းခြင်းတို့ကို တံတားမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း(၂၁)ဦး ရွေးကောက်ပွဲ တွင် ဝင်ရောက်အရွေးချယ်ခံမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ် စားလှယ်လောင်း (၂၁) ဦး ဝင်ရောက်အရွေးချယ်ခံမည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းထံမှ သိရသည်။

ဒဂုံ​​မြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က လူများစုဝေးသွားလာ လျှက်ရှိသော နေရာများသို့ မြို့နယ်စည်ပင်သာယာကော်မတီ၊ We Love Yangon၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် သီရိမင်္ဂလာပရဟိတအသင်းတို့ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် နှစ်သုတ်ခွဲ၍ ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Subscribe to