ပုလော၊ စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက်နှင့်လမ်းဆုံများတွင် ခရီးသွားပြည်သူများနှင့်နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသောပြည်သူများအား နှာခေါင်းစည်းများတပ်ဆင်ခြင်း ရှိ/မရှိ ရှောင် တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ဦးဆောင်သော ပူးပေါင်းအဖွဲ့က နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာနေသူများအား အရေးယူဆောင်ရွက်မှုအနေဖြင့် နှာခေါင်းစည်း (၂) ခုလျှင် ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ချက်ချင်း၀ယ်ယူတပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့၀င်များအနေဖြင့် ကူးစက်မှုမဖြစ်ပေါ်စေရေး အရှိန်ဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)