ဒေးဒရဲမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ Quarantine Center အဖြစ်ထားရှိရန်နေရာအား သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပ စေတီတော်ဝင်းအတွင်း ရှိသော ယောဂီအဆောင်အား Quarantine Center အဆောင်အဖြစ် ထားရှိရန်အတွက် ယမန်နေ့ နံနက်(၈) နာရီအချိန်က သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၁၄)ဦး၏ Swab နမူနာယူ၍ ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၁၄)ဦး၏ Swab နမူနာအား ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးရန် ကျိုင်းတုံမြို့သို့ ပို့ဆောင်ထားကြောင်းသိရသည်။

ပုသိမ်မြို့တွင် မျိုးစေ့ထုတ်တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေသြဇာစနစ်တကျ သုံးစွဲရေး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြက်တိုရပ်ကွက်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက မျိုးစေ့၊ ပိုးမွှားနှင့်မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေသြဇာ စနစ်တကျ သုံးစွဲရေး အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ်တွင်(CERP Plan)အရမျိုးစေ့ထုတ် စိုက်ပျိုးဧက(Rs toCs)စပါးခင်းများတွင် မျိုးကွဲအပင်များထုတ်ပယ်ခြင်း သရုပ်ပြပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ တောင်သူဦးချစ်သိန်း၏ ကွင်းအမှတ် (၇၅၄) စိုက်ဧက (၁၁)ဧကတွင် မျိုးစေ့ထုတ်စိုက်ပျိုးသည့် ဆင်းသုခမျိုးစပါးစိုက်ခင်းအတွင်း မျိုးကောင်းမျိုးသန့် ရရှိစေရန်အတွက် အခြားမျိုးကွဲအပင်များ ထုတ်ပယ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ည ၁၀ နာရီမှ ၁၂ နာရီထိ ပိတ်ဆို့ရှာဖွေရေးလုပ်ငန်း များကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြိုနှင့် မင်းကင်းမြို့၏ မြောက်ဘက်ကျေးရွာများသို့ ဆက်သွယ်ထားသော ကားလမ်း ပေါ်ရှိ ရေဘုတ်ချောင်း တံတား ကမ်းကပ်ခုံ တစ်ဘက် မြေကျွံနိမ့်ကျမှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နှင့် မင်းကင်းမြို့၏ မြောက်ဘက်ကျေးရွာများသို့ ဆက်သွယ်ထားသော ကားလမ်းပေါ်ရှိ ရေဘုတ်ချောင်း တံတား ကမ်းကပ်ခုံ တစ်ဘက် မြေကျွှံ နိမ့်ကျမှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ် စနစ်ဖြင့်ရောင်းချနိုင်ရေး အသိပေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင် များနှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေး အသိပေးပြောကြားခြင်းကို ယမန်နေ့ ညနေ ၆ နာရီက (ဆ)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ သည်။

ခရမ်းမြို့နယ်တွင် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဖွင့်လှစ်

ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ကန့်သတ်ချက် များ ဖြေလျှော့ပြီးနောက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင် နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီက တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရွှေကူ၌ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to