အင်္ဂပူ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်(၂)ခု၌ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ ၃၀ ရက်နေ့မှစတင်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာချက်ပုံစံ (၁၀)၊ (၁၀-က)များဖြင့် ကြေညာထားရှိကြောင်း သိရသည်။
အဆိုပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပြည်သူများ တွေ့မြင်နိုင်သော နေရာများတွင် ကြေညာထားရှိကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် ရပ်ကွက်(၁၂)ခု၊ ကျေးရွာအုပ်စု (၇၁) အုပ်စု၌ မဲရုံပေါင်း (၁၆၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၇၅၂၉၂) ဦး၊ မ (၈၅၅၅၅) ဦး ၊စုစု ပေါင်း (၁၆၀၈၄၇) ဦးရှိကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)