အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာ၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး

အမာ   စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာတွင် သစ္စာစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၉ နာရီမှစ၍ တယ်ပင်ဆိပ်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းသွား‌ရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဖျာပုံမြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊  လူဝင်မှုကြီးကြပ်ရေးမှူး ဦးသိန်းဇော် ခေါင်းဆောင်သောအဖွဲ့က တယ်ပင်ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ရန် လာရောက် လျှောက်ထားခြင်းနှင့် အသက်ပြည့် လာရောက်လဲလှယ်ခြင်း တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နော်လေး(အမာ)