ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်
၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအ တွက် ညောင်ရွှေ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ပြီး လိုအပ် သောပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းလုပ်ငန်းများကို ပြုလုပ် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ပုံစံ(၃) ၊ (၄)၊ (၄-ဂ)တို့ဖြင့် လျှောက်ထား စေခဲ့ပါသည်။