သာကေတမြို့နယ် အတွင်းရှိ ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား လှည့်လည် ကြေညာပေး

ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးခြင်းနှိုးဆော်ချက်များအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၁၉)ရပ်ကွက်တွင် ညစဉ်လှည့်လည် ကြေညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေး လျက်ရှိပါသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်း‌‌ဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ရသာရုံ မြောင်းအား ပြန်လည်ပြင်ဆင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေဖြင့် ရသာရုံမြောင်းအား ပြန်လည်ပြင်ဆင် တူးဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅၀% ခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေး အတွက် “ယခုဝယ်၊ ယခုတပ်” စနစ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း (Mask) နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဆက်သွယ်သွားလာစေရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း မတပ်ဆင်သူများကို (Mask)နှာခေါင်းစည်း (၃)ခုလျှင် ငွေ(၃၀၀၀) ကျပ်နှုန်းဖြင့် ယခုဝယ်၊ ယခုတပ် အစီအစဉ်ကို မြို့တွင်း၊ မြို့ပြင် နေရာအနှံ့အပြား၌ ဩဂုတ်လ ၃၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် ရွေ့လျားစနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်း

ရန်ကုန်တောင်ပိုင်းခရိုင်‌ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်များ အပြင်ဌာနဆိုင်ရာရုံးများအား ယ‌နေနံနက်က ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များလက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက် ငှားရမ်းပေးနေ‌ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့သို့ Spirit မိသားစုမှ PPE ဝတ်စုံများနှင့် Mask များလှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယမန်နေ့ နေ့လယ် (၁)နာရီခန့်အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့သို့ ဗားကရာလမ်းမ ပေါ်ရှိ Spirit မိသားစုမှ Face Mask များနှင့် PPE ဝတ်စုံများ လာရောက်လှူဒါန်းခဲ့ကြသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် မဲရုံအဖြစ် ထားရှိမည့် အခြေခံပညာကျောင်းများအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး

(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဒေသခံပြည်သူများ ဆန္ဒမဲပေးမည့်မဲရုံအဖြစ် အခြေခံပညာ စာသင်ကျောင်းများအား မဲရုံစည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအဖွဲ့မှ

မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် မိုးသီးနှံအဖြစ် ဖူးစားပြောင်းများစိုက်ပျိုးပြီး ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရသဖြင့် အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာကျေးရွာမှ တောင်သူများသည် မိုးသီးနှံအဖြစ် ဖူးစားပြောင်းပင်များ စိုက်ပျိုးထားကြရာ ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း ရွာသာကျေးရွာရှိ ပြောင်းစိုက်ပျိုးထားသော တောင်သူများထံမှ သိရသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန် နေ့ မွန်းလွဲက ၃ နာရီအချိန် ပြုလုပ်သည်။

တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် မျိုးစေ့ထုတ်လုပ်ငန်း စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်ထောက်ပံ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်း​​​ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အဖြစ် မျိုးစေ့ထုတ် လုပ်ငန်း စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ ယမန် နေ့ နေလယ်ပိုင်း ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ငွေဗိုက် (Ngwe Bike) Application တွင် စားရင်းပေးသွင်းခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကျပ်သုံးသောင်း တစ်ကြိမ်
Subscribe to