ကော့ကရိတ်၊ စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးသည် ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ အိမ်ထောင်စုစာရင်းမရှိသူများအား ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရာတွင် ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် သတ်မှတ်နယ်မြေအလိုက် တာဝန်ကျဝန်ထမ်းများသည် မင်းရွာ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကရင်ကျောက်ဖျာ၊ ကုလားကျောက်ဖျာကျေးရွာတို့ရှိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အသက် (၁၈)နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၆၆) ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း (၂၅၁) စာရင်းတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုအတူ စက်တင်ဘာလ (၁) ရက်နေ့တွင်ကညင်ကတိုက်ကျေးရွာ၊ ခရစ်ကျေးရွာတို့တွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၆) ဦးဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့်ကျေးရွာများတို့အား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြိးကြပ်ရေးပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)