ဒဂုံတောင် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုရီးယား နိုင်ငံသုံး(PPE) ဝတ်စုံ အစုံ(၅၀)တန်ဖိုးငွေကျပ်(၇၅၀၀၀၀)ကျပ်အား မြို့နယ်အတွင်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုနိုင်ရန် ယနေ့နံနက်(၉)နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းသို့ ဒေါင်းမင်းစင်္ကြာ အထည်ချုပ်လုပ်ငန်းမိသားစုများမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်မှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လှူဒါန်း ပစ္စည်းများ လွဲပြောင်း ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)