နမ္မတူ စက်တင်ဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စု၊ နားခိုလျံကျေးရွာရှိ ပဲပုတ်မျိုးစေ့ထုတ်၊ ပဲပုတ်စံပြကွက် (၁၀)ဧက စိုက်ပျိုးသည့် တောင်သူများအား ကွန်ပေါင်း ဓါတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဌာနမှူး ဦးခင်မောင်ဌေးက ပဲပုတ်သီးနှံများ အား သိပ္ပံ နည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးပြီး အထွက်ပိုမို ရရှိစေရန်၊ ဒေသခံများ၏ ဝင်ငွေ ပိုမိုတိုးတက်လာပြီး၊ လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဒေသဝမ်းစာဖူလုံရေးကို အထောက်အကူပြုရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီရန်၊ သီးနှံစွမ်းအား တိုးတက်လာစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ လာစေရန်ရည်ရွယ်၍ ပန်လုံ ကျေးရွာ အုပ်စု၊ နားခိုလျံကျေးရွာရှိ ပဲပုတ်မျိုးစေ့ထုတ်၊ ပဲပုတ်စံပြကွက် (၁၀)ဧက စိုက်ပျိုးသည့်တောင်သူ (၅)ဦး လက်ဝယ်သို့ ကွန်ပေါင်းဓါတ်မြေဩဇာ (၁၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)