ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့ဝင် ရန်ကုန်-မန္တလေးကားလမ်း ထနောင်းပင်လှကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ်ကို ယနေ့နံနက်၉နာရီက စတင်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှုများ အရှိအဟုန်မြှင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။