တံတား စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် တံတားမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ ပေးနိုင်ရန်အတွက် ငွေဗိုက်(Application)ပြုလုပ်နည်း၊ စာရင်း ရေးသွင်းနည်းနှင့် လုပ်ငန်းစဉ်များ ရှင်း လင်းခြင်းတို့ကို တံတားမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ဩဂုတ်လ ၁ ရက်နေ့မှ ၎င်းရက်နောက်ပိုင်း မွေးဖွားသည့် မိခင်များကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှု များအား လျော့ပါးသက်သာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနက ငွေကျပ်(၃၀၀၀ဝိ/-) ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာ (၅) ရက်နေ့ တွင် တံတားမြို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်း များက ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာရင်းရေးသွင်းသည့် ကာလအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်း၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် မိမိတို့ အမြဲတမ်း အသုံးပြုလျက်ရှိသော ဖုန်းနံပါတ်၊ ကလေးမွေးဖွားပြီး မိခင်ဖြစ်ပါ က မွေးစာရင်းတို့အား ယူဆောင်လာရမည်ဖြစ်ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း (တံတား)