ကောလင်း စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်ပေါင်း စုံမှ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၃၀ ရက်နေ့မှစ၍ မီးရထားဖြင့် စီးနင်း လိုက်ပါလာကြသော ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အလားတူ စက်တင်ဘာ ၃ရက်နေ့ ကောလင်းမြို့သို့ ရောက်ရှိလာသည့် ခရီးသွားပြည်သူများကို ကောလင်းမြို့အဝင် ကျန်းမာရေးစစ်ဆေးသည့် နေရာ(၃)ခု၌ ကျန်းမာရေး စစ်ဆေးမှုများနှင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကောလင်းမြို့နယ်တွင် မီးရထားဘူတာနှင့်မြို့အဝင် ကျန်းမာရေးစစ်ဆေးသည့် နေရာ(၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာကြသည့် ခရီးသွားပြည်သူများကို ကျန်းမာရေး စောင့်ကြည့် စစ်ဆေးမှုများကို နေ့စဥ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များအား ခရီးသွားပြည်သူများ သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခြင်းးနှင့် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန် ကြေညာထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် ပညာပေးကိစ္စများကို ခရီးသွားပြည်သူ တစ်ဦးချင်းစီအား ဆွေးနွေးပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အောင်မြင်မှုရှိစေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)